ဗိုလ်ချုပ်အောင်ဆန်း အမှတ်တရ အစီစဉ်များ
၂၀၀၉ သြဂုတ်လ ၁၅ ရက်
တလောက အာဇာနည်နေ့ ရောက်တော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်လို့ အာအက်ဖ်အေ မြန်မာပိုင်းကနေ ကျနော် စီစဉ်ထုတ်လွှင့်ခဲ့တဲ့ အသံလွှင့် အစီစဉ်တွေကို တစုတစည်း တနေရာထဲ ပြန်သိမ်းထားဖို့ စိတ်ကူးခဲ့ပါတယ်။
ဒီစိတ်ကူးကို အကောင်ထည်ဖော်ကြည့်တဲ့ သဘောပါ။
——————
ဗိုလ်ချုပ်အောင်ဆန်း အကြောင်း အတိတ်မေ့နေတဲ့ မြန်မာပြည်
ဒီအစီစဉ်မှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ နာမည်ကျော် မိန့်ခွန်းကောက်နှုတ်ချက်တခု၊ ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုများအကြောင်းရေးတဲ့အတွက် စာပေစိစစ်ရေးကတဆင့် ရုံးတင် ထောင်ဒဏ်ပေးခံခဲ့ရတဲ့ စာရေးဆရာသန်းဝင်းလှိုင်ရဲ့ ပြောကြားချက်၊ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဗိုလ်ချုပ်မွေးနေ့စကား၊ တပ်မတော်အရာရှိဟောင်းတဦးရဲ့ တပ်ထဲက တပ်သားတွေရဲ့ ဗိုလ်ချုပ်အပေါ် သဘောထား ပြောကြားချက်၊ ထိုင်းနိုင်ငံ ချင်းမိုင်အခြေစိုက် အေရာဝတီမဂ္ဂဇင်းက ကိုအောင်ဇော်ရဲ့ မှတ်ချက်၊ ဗိုလ်မှူးကြီးလွန်းတင် (အငြိမ်းစား)ရဲ့ ပြောကြားချက်တွေ ပါဝင်ပါတယ်။
AUNG SAN AMNESIA IN BURMA?
A special radio program honoring 92nd anniversary birthday of Gen. Aung San, Burma’s forgotten National Leader and Independence Hero
(aired on February 13, 2007)
Copyright © 1998-2009 Radio Free Asia. All rights reserved.
ဗိုလ်ချုပ်အောင်ဆန်းအပေါ် ကျွန်တော့်အမြင်
ဗိုလ်မှူးကြီးလွန်းတင်က ဗိုလ်ချုပ်အောင်ဆန်းအပေါ် သူ့အမြင်နဲ့ အတူ၊ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပဲခူးရိုးမ ခရီးရှည်တိုက်ပွဲ အတူဝင်ခဲ့ရပုံ။ ဒေါ်ခင်ကြည်နဲ့ လက်ထပ်ပြီး ပျဉ်းမနားကို အလည်ရောက်လာစဉ် အနီးကပ် ကိုယ်ရံတော်အဖြစ် အမှုထမ်းရပုံ၊ ဂျပန်တော်လှန်ရေးကာလ၊ စစ်ဝန်ကြီးကာလတွေမှာ တွေ့ဆုံခဲ့ရပုံတွေကို အမှတ်တရ ပြန်ပြောပြထားပါတယ်။
Col. Lun Tin (Retired) tells RFA his memory of Gen. Aung San, Burma’s forgotten National Hero
(web only interview)
Copyright © 1998-2009 Radio Free Asia. All rights reserved.
ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ရဲထွတ်ရဲ့ အမှတ်တရ ဗိုလ်ချုပ်အောင်ဆန်း
၂၀၀၈ ခုနှစ် ၆၁ နှစ်မြောက် အာဇာနည် အတွက် အထူးဆက်သွယ်မေးမြန်းခဲ့တဲ့ အစီစဉ်ပါ။ ဒီအစီစဉ်မှာ မြန်မာနိုင်ငံမှာ ဗိုလ်ချုပ်အကြောင်း အတိတ်မေ့နေတာနဲ့ ပတ်သက်လို့လည်း ပြောထားပါတယ်။ အသက်ကြီးပြီမို့ အများကြီးမေးလို့ မရပါ။ ဖုန်းလိုင်းကလည်း သိပ်မကောင်းပါဘူး။ သူကတော့ အသက်အရွယ်ကြောင့် မှတ်ဥာဏ် သိပ်မကောင်းတော့ဘူးလို့ ပြောပါတယ်။
Bo Ye Htut, one of two living members of Burma’s Thirty Comrades talks about his memories on Gen Aung San who he got training in Japan together in 1930s as well served as a loyal follower in Burma military in 1940s.
(aired July 19, 2008)
Copyright © 1998-2009 Radio Free Asia. All rights reserved.
ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရှေ့မီနောက်မီ
ရန်ကုန်မှာ ဗိုလ်ချုပ်အောင်ဆန်း အကြောင်း သိမီသူ တဦးလည်း ဖြစ် နိုင်ငံရေးလောကမှာ ခေတ်အဆက်ဆက် ဖြတ်သန်းခဲ့သူတဦးလည်း ဖြစ်တဲ့အပြင် လက်ရှိ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း အထပတိရေးနေသူလည်း ဖြစ်တဲ့ သခင်တင်မြကို ၆၂ ခုနှစ် အာဇာနည်နေ့ အမှတ်တရ ဆက်သွယ်မေးမြန်းထားတာပါ။ ဒီမေးမြန်းချက်မှာ အဲဒီအချိန်ကာလက နာမည်ကြီး နိုင်ငံရေးမှုဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ချိုးဖောက်မှုအကြောင်းကိုပါ ထည့်မေးထားပါတယ်။
Interview with Thakin Tin Mya, former political colleagues both Gen Aung San in 1930s and of her daughter in late 1980s as well as a leading member of General Aung San’s biography. He talks about how great politician Gen Aung San was and how he learned when the latter was assasinated in 1947. He mentioned his disagreement in current political crisis as well.
(aired July 17, 2009)
Copyright © 1998-2009 Radio Free Asia. All rights reserved.
Other than the original audio reports, videos and original news stories, the views expressed on this blogs are of mine alone and do not necessarily reflect the views of Radio Free Asia. This is just a personal blog and it is not officially related to or endorsed by Radio Free Asia.